ဂစ်တာကြိုး ညှိမယ်
ဟုတ်ပြီ ကျွန်တော်တို့ beginner တွေမှာ အခက်ခဲဆုံးအလုပ်တစ်ခုပါပဲ
ကျွန်တော်လဲ ဒီကနေသင်ပေးဖို့ဆိုတာ
စာရေးပြီး ဘယ်လိုမှမဖြစ်နိုင်ဘူးဗျ ဒါပေမယ့်
စိတ်ပူစရာတော့မရှိပါဘူး
ကဲ အောက်မှာ ကျွန်တော်ကိုယ်တိုင်ရဲ့
အနှစ်သက်ဆုံး ဖုန်း software တွေတင်ပေးမယ်
လွယ်ပါတယ် google play store မှာ guitar tuner လို့ရိုက်ရှာလိုက်ရင် အများကြီးကျလာမှာပါ ဒါပေမယ့်
ဘယ်ဟာတွေက အကောင်းဆုံးလဲ
GuitarTuna
ဒါလေးကတော့ အသုံးတည့်ဆုံးလို့ပဲ မြင်မိပါတယ်
Chord တွေမသိရင်လည်း ရှာလို့ရတယ်
ဒါပေမယ့် သူက အသံဖမ်းတာ တိကျလွန်းတာက ပြဿ နာပါ ဂစ်တာကောင်းကောင်းလေးက ထွက်တဲ့အသံမျိုးဆိုရင်တော့ ကွက်တိပါပဲ ဒီဟာကိုတော့ တစ်သိန်းခွဲကျပ်နဲ့အထက် ဂစ်တာတွေအတွက်သာ recommend ပေးချင်ပါတယ်
Pitchlab lite
ဒါကတော့ တစ်သောင်းခွဲတန်တွေကစပြီး recommend ပေးမယ်ဗျာ ဟုတ်ပါတယ် သူက ဂစ်တာကို ရှေ့ကထိုကြည့်နေရသလိုမျိုးလေး ပြထားတာပါကြိုးတင်းရင် အပေါ်ဘက်ကို
ကွေးသွားမှာဖြစ်ပီး လျော့နေရင်တော့ အောက်ဘက်ကို
ကွေးသွားမှာပါ
အားလုံးပဲ အသုံးဝင်ကြပါစေခင်ဗျ 🙏🙏🙏
No comments:
Post a Comment